Local News

ဆားဈေးနှင့် ပဲပုတ်ဈေးတက်နေသည့် မော်လမြိုင်ကုန်စည်ဒိုင် ဈေးနှုန်း

Last Updated:

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်စည်ဈေးနှုန်းပေါက်ဈေးများမှာ ဆားတစ်ပိဿာ ၁၁၀၀ ကျပ်၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းတွင် ပဲတီစိမ်း (ရွှေဝါအသစ်) ၁၄၀၀၀၀ ကျပ် ၊ ပဲတီစိမ်း(အသစ်) ၁၃၅၀၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၇၈၀၀၀ ကျပ်၊ ဘိုကိတ် ၇၅၀၀၀ ကျပ်၊ ပဲပုတ်(အသစ်) ၁၁၁၀၀၀ ကျပ်၊ မြေပဲ(အသစ်) ၁၅၆၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။ 
    ယခင်ပတ် အောက်တိုဘာလ ၁၆ ရက် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆားတစ်ပိဿာ ၁၀၀ ကျပ် ဈေးတက်နေပြီး ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းတွင် ပဲပုတ်တစ်တင်း ၁၀၀၀ ကျပ် ဈေးတက်နေကြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်းဖြူ၊ ဘိုကိတ်နှင့် မြေပဲများ စျေးငြိမ်နေကြောင်း သိရသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News